Connect with us

Politics, Law & Military

ရွှေဝါဆပ်ပြာများဖြင့် ရောနှောသယ်ဆောင်လာသော ကျပ် ၃၉,ဝဝဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရွှေဝါဆပ်ပြာများဖြင့် ရောနှောသယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြားများတွေ့ရှိ(CCDAC)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဒီဇင်ဘာ ၁၁ ရက်၌ ရွှေဝါဆပ်ပြာများဖြင့် ရောနှောသယ်ဆောင်လာသော ကျပ် ၃၉,ဝဝဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်းတွင် ရေချမ်းပြင်ဆိပ်ကမ်းတွင် စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာနေ ထွန်းဝင်း(ခ) သိန်းထွန်း အသက်(၄၄) နှစ် မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသည့် ရွှေဝါဆပ်ပြာဂျပ်ဖာစက္ကူအထုပ် ၃၃ ထုပ်အတွင်း ဆပ်ပြာအတောင့်များဖြင့် ရောနှော၍ သိုဝှက်သယ်ဆောင် လာသည့် ပလတ်စတစ်အိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၃ဝဝ,ဝဝဝ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၃၉,ဝဝဝ သိန်း)အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းသို့စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ထွန်းဝင်း(ခ)သိန်းထွန်း ၏ထွက်ဆိုချက်အရ ၎င်း၏ဆိုင်ကယ်ပေါ်သို့ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား တင်ဆောင်ပေးသူမှာ စစ်တွေမြို့၊ မင်းဂံအကွက် (၈)နေ အောင်ချေ(ခ)အောင်အောင် ၂၄ နှစ် ဖြစ်ကြောင်းပေါ်ပေါက်၍ ပူးပေါင်းအဖွဲ့မှ ဆက်လက်ဖမ်းဆီးရာ ၎င်းအား ပုဏ္ဏားကျွန်းမြို့အဝင်လမ်း၊ သာယာလမ်းထိပ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် စပ်လျဉ်း၍ စစ်တွေမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.