Connect with us

Politics, Law & Military

လျှပ်စစ်ဖြန့်ဝေရေးအတွက် ဒေါ်လာ၂၀၉ သန်း ချေးရန် ပြည်ထောင်စုလွှတ် အတည်ပြု

အဓိက လျှပ်စစ်ဓာတ်အားကြိုးလိုင်း မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၂၄ ဒဿမ ၆၇၈ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၀၉ သန်းကျော်) ချေးယူရန် ပြည်ထောင်စု လွှတ်တော်က ယနေ့အတည်ပြုလိုက်သည်။

ရန်ကုန်မြို့တွင်း လျှပ်စစ်မီး ဖြန့်ဝေမှုစနစ် တိုးတက်ရေး စီမံကိန်းအတွက် နယ်မြေ လေ့လာဆန်းစစ်မှုနှင့် ဝန်ထမ်းလေ့ကျင့်ရေးတို့ကို ရန်ကုန်မြို့ လျှပ်စစ်မီး ဖြန့်ဝေရေး ဌာန (YESB) သည် JICA ၏ အကူအညီဖြင့် စတင်လုပ်ကိုင်နေသည်။

မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး စီမံချက်အတွက် အမေရိကန်ဒေါ်လာ သန်း (၆,၀၀၀) ခန့်လိုအပ်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ကထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး စီမံချက်(NEP) အရ ကုန်ကျစရိတ် ခန့်မှန်းထားမှုမှာ အိမ်ထောင်စုပေါင်း ၇ ဒဿမ ၂ သန်း အတွက် အမေရိကန်ဒေါ်လာ ၅ ဒဿမ ၈ ဘီလီယံ (ကျပ် သန်း ၅,၈၀၀) ကုန်ကျမည်ဖြစ်သည်။

တစ်နိုင်ငံလုံး လျှပ်စစ်မီး အပြည့်အစုံ ရရှိမည့် ကာလသည် ၂၀၃၀ ပြည့်နှစ်အထိ ကြာမြင့်မည် ဖြစ်ပြီး စီမံကိန်း စတင်သည့် ပထမ (၅) နှစ် အတွင်း အမေရိကန် ဒေါ်လာသန်း (၇၀၀) ကုန်ကျမည်ဖြစ်ပြီး အဆိုပါ ဒေါ်လာသန်း (၇၀၀) တွင် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း (၃၀၀) ထည့်ဝင်ကူညီမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.