Politics, Law & Military
အစိုးရ အဖွဲ့ဝင်များ၏ ကိုယ်ရေး အရာရှိများကို ဆွေမျိုးတော်စပ်သူများ ခန့်အပ်ခြင်း မပြုရဟု သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များသည် ကိုယ်ရေး အရာရှိများ ခန့်အပ်ရာတွင် ဆွေမျိုးတော်စပ်သူများ (ဆွေမျိုး နီးစပ်ဆိုသူသည် မောင်နှမ၊ သားသမီး၊ သားမက်၊ ချွေးမ၊ တူ၊ တူမ၊ မြေး၊ မြစ်ကို ဆိုလိုသည်) မခန့်အပ်ရန် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်လိုက်သည်။
အဆိုပါ အစိုးရ အဖွဲ့ဝင်များသည် မိမိ၏ ဇနီး၊ ခင်ပွန်း ဆွေမျိုးနီးစပ်များကို ဌာနဆိုင်ရာ အဖွဲ့များတွင် ကိုယ်ရေး အရာရှိများ ခန့်အပ်ခြင်းမပြုရန် ထုတ်ပြန်လိုက်ပြီး ရာထူးအတွက် ခန့်အပ်လျှင် ဌာနဆိုင်ရာ ဝန်ထမ်းများကိုသာ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနှင့်အညီ ရွေးချယ် တာဝန်ပေးရမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ (Xinhua)