Connect with us

Politics, Law & Military

အမျိုးသမီးများအခွင့်အရေး ကာကွယ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ နည်းပညာ အကူအညီပေးရေး ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် 3ပဋိပက္ခအတွင်း အမျိုးသမီး များအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်တို့တွေ့ဆုံစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဒီဇင်ဘ ၁၅ ရက် (ဆင်ဟွာ)

အမျိုးသမီးများအခွင့်အရေး ကာကွယ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ နည်းပညာ အကူအညီပေးရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ပရာမီလာ ပတ်တန်တို့ တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် အမျိုးသမီးများအခွင့်အရေး ကာကွယ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ နည်းပညာ အကူအညီပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ပရာမီလာ ပတ်တန် အား ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေ ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Pramila Pattenတို့တွေ့ဆုံပြီး

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ယာယီစခန်းများ တည် ဆောက်ရေး ကိစ္စရပ်များ၊ လူသားချင်းစာနာကူညီမှုများအား ပြည်ထောင်စုအစိုးရ၊ ဒေသဆိုင်ရာအစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာ့ဝန်ထမ်း လူငယ်များနှင့်အတူ မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကူညီ ထောက်ခံနေမှု ကိစ္စရပ်များ၊ ပဋိပက္ခဖြစ်ပွားရာဒေသများတွင်လည်း ဘေးဒဏ်ခံစား ခဲ့ရသူများအား စိတ်ပိုင်းဆိုင်ရာပံ့ပိုးခြင်း၊ ကလေးပျော် ဌာနများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသော အမျိုးသမီးများအတွက် လုံခြုံသောနေ ရာများ သတ်မှတ်ဆောင် ရွက်မည့်ကိစ္စရပ်များ၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စွမ်းဆောင် ရည်မြှင့်တင်ခြင်း သင်တန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.