Politics, Law & Military
ကမ္ဘာ့အထင်ကရ မြို့ကြီး (၁ဝ) မြို့စာရင်းထုတ်ပြန်
ဟောင်ကောင် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
မကြာသေးမီက အသစ်ထုတ်ပြန်လိုက်သော ကမ္ဘာ့အထင်ကရမြို့ကြီး (၁ဝ) မြို့စာရင်းတွင် တရုတ်နိုင်ငံမှ ဟောင်ကောင် ၊ ရှန်ဟိုင်း နှင့် ဘေဂျင်းမြို့တို့ပါဝင်လာကြောင်း သိရသည်။
ကမ္ဘာ့အထင်ကရမြို့ကြီးများ အဆင့်သတ်မှတ်ချက်တွင် ဟောင်ကောင်မြို့သည် နံပါတ် ၆ နေရာမှ ပါဝင်လာပြီး ၎င်း၏နောက်တွင် ရှန်ဟိုင်းမြို့နှင့် ပေကျင်းမြို့တို့က အမှတ်စဉ် (၇) နှင့် (၈) နေရာများတွင် အသီးသီးရပ်တည်နေကြောင်း သိရသည်။
ကမ္ဘာ့အထင်ကရမြို့ကြီး (၁ဝ) မြို့၏ အလှမြင်ကွင်းများအားတွေ့ရစဉ် ( ဓာတ်ပုံ – ဆင်ဟွာ/အင်တာနက်)

အဆိုပါကမ္ဘာ့အထင်ကရမြို့ကြီးများစာရင်းကို တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီ ၊ အမျိုးသားစီးပွားရေးမဟာဗျူဟာဌာန နှင့် ကုလသမဂ္ဂ၏ လူနေထိုင်ရန်ထူးခြားကောင်းမွန်သောမြို့ကြီးများစိစစ်အကဲဖြတ်ရေးအဖွဲ့တို့မှ ပူးပေါင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ရွေးချယ်ရာတွင် အဓိက အချက် ၆ ချက်ဖြစ်သော ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှု ၊ ပြည်တွင်းဈေးကွက်ဝယ်လိုအား နှင့် ( software environment , hardware environment ) ပတ်ဝန်းကျင်အခြေအနေများကိုပါထည့်သွင်း စဉ်းစားခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အထင်ကရမြို့ကြီးများစာရင်းကို အစဉ်လိုက်ဖော်ပြရမည်ဆိုပါက (၁) လန်ဒန်မြို့(၂) နယူးယောက်မြို့(၃) တိုကျိုမြို့(၄) ပဲရစ်မြို့(၅) စင်ကာပူ (၆) ဟောင်ကောင်မြို့(၇)ရှန်ဟိုင်းမြို့(၈)ပေကျင်းမြို့(၉)ဆစ်ဒနီမြို့နှင့် (၁ဝ) ဖရန့်ဖွတ် မြို့တို့ဖြစ်ကြောင်း သိရသည်။(Xinhua)