Connect with us

Politics, Law & Military

သထုံမြို့ တွင် ကျပ် သိန်း ၈၀၀ ကျော် တန်ဖိုးရှိ ပတ္တမြား အရိုင်းတုံးတစ်လုံး ပျောက် ဆုံး

ဓာတ်ပုံရိုက်ထားသည့် ပတ္တမြားအရိုင်းတုံးတစ်တုံးအားတွေ့ရစဉ် (ဓာတ်ပုံ--M.O.I)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ သထုံမြို လိပ်အင်းရပ်ကွက် ဓါတ်တော်တိုက် ဘုရားလမ်းနှင့် ရွာဦးတာ လမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင် ငွေကျပ်သိန်း ၈၀၀ ခန့် တန်ဖိုးရှိ ပတ္တမြား အရိုင်းတုံး ၁ လုံး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သဖြင့် သထုံမြို့မ ရဲစခန်းလာရောက် တိုင်တန်း ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ ပျောက်ဆုံးမှုသည် ဇန်နဝါရီလ ၆ ရက်၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပိုင်ရှင်ဆိုတဲ့ ဦးလှသန်းက ဇန်နဝါရီလ ၆ ရက် ည ၇ နာရီအချိန်လောက်က စခန်းကို ပစ္စည်း ပျောက်တယ် ဆိုပြီး လာတိုင်တယ်။ သူပြောပုံ အရတော့ ဒီလ ၂ ရက်နေ့မှာ သူမိုးကုတ်က သထုံကို လာတယ်။ ကျောက်သန့်စင်စက်ရုံ မှာ တည်းတယ် ၊သူ့ဆီမှာပါလာတဲ့ ကျောက်ရိုင်းတုံးကို စစ်ပေးမယ့် ပညာရှင်ကို စောင့်နေတယ်လို့ ပြောတယ်။ အဲဒီရက်က စက်ရုံ အနောက်က အိမ်မှာ အိပ်နေတယ်။ မနက်ကျတော့ သူ့လူယုံက ပစ္စည်း ထည့်ထားတဲ့ ခါးပတ်အိတ်ကို ရေဆိုးမြောင်းဘေးမှာ တွေ့တယ် ဆိုပြီး လာပြောလို့ သွားကြည့်တော့ အိတ်ထဲက တခြား ပစ္စည်းတွေက မပျောက်ဘဲ ပတ္တမြား အရိုင်းတစ်လုံးနဲ့ ကျောက်ကြည့် ဓါတ်မီးတစ်လက် ပျောက်နေတယ် လို့ပြောပါတယ်။ တိုင်ချက်ကို လက်ခံပြီး အမြန်ဆုံး တရားခံ ဖမ်းမိရေး လုပ်နေပါတယ်” ဟု သထုံမြို့မရဲစခန်းမှ တာဝန်ရှိသူကပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သထုံမြို့မ ရဲစခန်းမှ (ပ) ၃၂ /၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.