Politics, Law & Military
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဆိုဒီယမ်ဆိုင်ရာနိုဒ်၁,၀၀၀ ကီလို သိမ်းဆည်းရမိ

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တရားမဝင်ငါးခိုးဖမ်းသည့်နေရာ နှင့် ရွှေတူးဖော်ရာတို့တွင်အသုံးပြုသည့် ဆိုဒီယမ်ဆိုင်ရာနိုဒ်၁,၀၀၀ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၆ ရက်နေ့ ၁၉း၃၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၃၂)မြဝတီမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မေတ္တာ(၂)လမ်းရှိ ဂိုဒေါင်ရှေ့တွင် ယာဉ်မောင်း မင်းကိုနိုင်အား Town Ace မော်တော်ယာဉ်နှင့်အတူတွေ့ရှိရှာဖွေရာ ယာဉ်၏နောက်ခန်းရှိ မြွှေရေခွံအိတ် ၂၀ အိတ်အတွင်းမှ ဆိုဒီယမ်ဆိုင်ရာနိုဒ် ၁,၀၀၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး ၁၉း၄၅နာရီအချိန် ဆက်လက်၍ ဂိုဒေါင်ကိုရှာဖွေခဲ့ရာ စိုးအောင်(ခ)စိုးကြီးအားတွေ့ရှိပြီး ဂိုဒေါင်အတွင်းရှိ မြွေရေခွံအိတ် ၃၀ အိတ်အတွင်းမှ ဆိုဒီယမ်ဆိုင်ရာနိုဒ် ၁,၅၀၀ ကီလို တို့ကိုထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် မင်းကိုနိုင်(၁၉)နှစ်နှင့် စိုးအောင်(ခ) စိုးကြီး(၄၀)နှစ်တို့အား ၂၀၁၃ ခုနှစ် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ အရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)