Politics, Law & Military
ကျပ် ၂၃ သန်း ကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းမိ
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၆ ရက်တွင် ခန့်မှန်းတန်ဖိုးငွေ ၂၃သန်းကျော်ဖိုးရှိ တရားမဝင် ကုန်စည်များ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါစခန်းများတွင် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၆ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ငါးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂ ဒသမ ၃၃ သန်း)၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု နှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် သုည ဒသမ ၈၈ သန်း) စုစုပေါင်းတားဆီးမှု ခုနစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃ ဒသမ ၂၁ သန်း)ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် အောက်တိုဘာ ၂၆ ရက်တွင် မန္တလေးမြို့နှင့် မူဆယ်မြို့များသို့ သွားရောက်မည့်ယာဉ်များကို ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်စဉ် မန္တလေးသို့ သွားရောက်မည့်Ford ယာဉ်တစ်စီး၊ Hiace ယာဉ်တစ်စီးနှင့် ခရီးသည်တင် ယာဉ်သုံးစီးကိုစစ်ဆေးခဲ့ရာ ယာဉ်များပေါ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် စားသောက်ကုန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂ ဒသမ ၃၃ သန်းကို စစ်ဆေးတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။(Xinhua)