Connect with us

Politics, Law & Military

ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးခွင့် ကာလအား ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၃၀ ရက်ထိ သတ်မှတ် ခွင့်ပြု

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးကာလအတွင်း ကိုယ်စားလှယ်လောင်းများ၏ လက်ကမ်းစာစောင်အား ကြည့်ရူနေသူ တစ်ဦးအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးခွင့် ကာလအား ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၃၀ ရက် အထိ ရက်ပေါင်း ၆၀ ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲ ဆိုင်ရာ စုဝေး ဟောပြောခြင်း ၊ မဲဆွယ် စည်းရုံးခွင့် နှင့် ရပ်နားထားရမည့် နေ့ရက် နှင့် အချိန် အသိပေးချက် အဖြစ် ကြေညာချက် အမှတ် (၁/၂၀၁၇)ထုတ်ပြန်ခဲ့သည်။

မဲဆွယ် စည်းရုံးခွင့် ကာလ နောက်ဆုံးရက် ဖြစ်သည့် မတ်လ ၃၀ ရက် ည ၁၂ နာရီ အချိန်မှ ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြီးသည် အထိ ရွေးကောက်ပွဲ ဆိုင်ရာ စုဝေး ဟောပြောခြင်း နှင့် မဲဆွယ် စည်းရုံးခြင်း တို့ကို ရပ်နားရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ/ပိုစတာ များကို မဲဆွယ် စည်းရုံးခွင့်ပြုထားသည့် နောက်ဆုံးရက် မတ်လ ၃၀ ရက် ၊ ည ၁၂ နာရီ အချိန် နောက်ဆုံးထား၍ ဖြုတ်သိမ်းပေးရမည် ဖြစ်ကြောင်း ၊ သတ်မှတ်ချိန် အထိ မဲဆွယ် စည်းရုံးသည့် ကြော်ငြာ/ပိုစတာများ ဖြုတ်သိမ်းထားခြင်း မရှိပါက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသည် သက်ဆိုင်ရာ စည်ပင် သာယာရေး ကော်မတီများနှင့် ညှိနှိုင်း၍ ကြော်ငြာ/ပိုစတာများအား ဖြုတ်သိမ်းသွားစေမည် ဖြစ်ပြီး ကုန်ကျစရိတ် ကျသင့်ငွေအား သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် လောင်းမှ ပြန်လည် ပေးချေရန် တာဝန်ရှိမည် ဖြစ်ကြောင်း အသိပေး ကြေညာခဲ့သည်။

ဧပြီလ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ကြားဖြတ်ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းပြီး အောင်မြင်စေရေး အတွက် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ရာတွင် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အတွက် ကျင့်ဝတ်ကို လေးစား လိုက်နာ ဆောင်ရွက်ကြမည် ဖြစ်ကြောင်း နိုင်ငံရေး ပါတီများနှင့် တစ်သီး ပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများက သဘောတူ ဆုံးဖြတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.