Connect with us

Politics, Law & Military

ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ အဝင်ပေါက်များတွင် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ နယ်မြေဒေသ လုံခြုံရေး စစ်ဆေး ဆောင်ရွက်

ရိခေါ်ဒါရ်မြို့ အဝင်ပေါက်များတွင် လုံခြုံရေး စစ်ဆေးမှုများ ဆောင်ရွက်မှုများအား တွေ့ ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ မေ ၂၉ ရက်(ဆင်ဟွာ)

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အဝင်ပေါက်များတွင် နယ်မြေ ဒေသ လုံခြုံရေး အတွက် ဌာနဆိုင်ရာ ပူးပေါင်း စစ်ဆေးရေး အဖွဲ့များက ယာဉ် နှင့် လူအဝင်/အထွက်များအား စစ်ဆေး ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

နယ်မြေဒေသ လုံခြုံရေး စစ်ဆေး ဆောင်ရွက်ရာတွင် တီးတိန်မြို့နှင့် ကလေးမြို့ဘက်မှ ဝင်လာသည့် ယာဉ်နှင့် လူဝင်လူထွက်များ၊ ရိခေါ်ဒါရ်မြို့မှ အခြားမြို့များသို့ အထွက်ယာဉ်များနှင့် လူဝင်ထွက်မှုများကို ရပ်တန့်စစ်ဆေး ဆောင်ရွက်ခြင်းများအား ရိခေါ်ဒါရ်မြို့ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ မေ ၂၇ ရက်တွင် စုပေါင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မြို့တစ်ခုဖြစ်သဖြင့် မူးယစ်ဆေးဝါး၊ တရားမဝင် ကုန် ပစ္စည်းများ ၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ တရားမဝင်နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှု မရှိ စေရေးနှင့် ပြည်သူအများ စိတ်အေးချမ်းသာယာစွာနေထိုင်နိုင်ရေးအတွက် လုံခြုံရေးစုပေါင်းစစ်ဆေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ နယ်မြေဒေသလုံခြုံရေးအတွက် နေ့ခင်း၌ သာမက ညဘက် အချိန်များ တွင်လည်း ပူးပေါင်း စစ်ဆေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)