Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီးတွင် ငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သက်သေခံပစ္စည်းများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--CCDAC Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၁,၉၈၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၁ ရက် ၂၃:၅၀ အချိန်တွင် ကလေးဝမြို့နယ်၊ အောင်ချမ်းသာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် သက္ကကျင်း-ဖောင်းပြင်လမ်းဆုံတွင် ရပ်တန့် ထားသော Wish အမျိုးအစားမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ အမျိုးသား ၆ ဦးအား မသင်္ကာဖွယ်တွေ့ရှိ၍စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးမေးမြန်းစဉ် အမျိုးသား ၅ ဦးမှာ ထွက်ပြေးသွားပြီး သိန္နီမြို့နယ်၊ ဟွေတောင်ကျေးရွာ အုပ်စု၊ နမ့်ခိုက်ကျေးရွာနေ ဒွဲဝေါင် ၂၂ နှစ်အား ထိန်းသိမ်းရမိခဲ့ကာ မော်တော်ယာဉ်ပေါ်ရှိ ဆာလာအိတ်များအတွင်းမှ ရောင်စုံဆပ်ပြာခွက်များ ဖြင့်ထည့်ထားသည့် ဒေသကာလပေါက်ဈေးကျပ်သိန်း ၂၁,၉၈၀ တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၂၁.၉၈ ကီလိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းဖမ်းဆီးရမိသူအား ကလေးဝမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ထွက်ပြေးတရားခံဖမ်းဆီးရမိရေးနှင့် ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.