Politics, Law & Military
စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၌ မိုင်း ၃ လုံး ပေါက်ကွဲမှုဖြစ်စဉ်တွင် နှစ်ဦး မိုင်းစထိမှန် ဒဏ်ရာများရရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၌ ယနေ့နံနက်က မိုင်း ၃ လုံး ပေါက်ကွဲမှုဖြစ်စဉ် ၌ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏ နေအိမ်အနီး ပေါက်ကွဲခဲ့သောမိုင်းကြောင့် လုံခြုံရေးဆောင် ရွက်နေသည့် ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲတပ်သားနန်းတင်နှင့် ယင်းနေအိမ်တွင် ခေတ္တရောက်ရှိ နေသည့် ဒေါက်တာ အေးချမ်းမောင်မောင် တို့ မိုင်းစထိမှန် ဒဏ်ရာများရရှိပြီး ပြည်နယ်တရားလွှတ်တော်ချုပ် ရုံးထောင့်နေရာတွင် မိုင်းပေါက်ကွဲမှုကြောင့် ထရန်စဖော်မာကြွေသီးများ ပျက်စီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ ယနေ့သတင်းထုတ်ပြန်သည်။
ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏ နေအိမ်အနောက်ဘက် ခြံစည်းရိုးနေရာ၌လည်းကောင်း၊ နာရီစင်အနီး ပြည်နယ် တရားလွှတ်တော်ချုပ်ရုံးထောင့် နေရာ၌ လည်းကောင်း၊ ပြည်နယ်မြေစာရင်းရုံးအနီးနေရာ၌လည်းကောင်း ယနေ့နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် ရီမုမိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ–တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ–တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
အဆိုပါဖြစ်စဉ်နေရာများသို့ စစ်တွေတပ်နယ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ဦးတင်မောင်ဆွေ၏နေအိမ်အနီး မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့် နေရာမှမပေါက်ကွဲသည့် ရီမုမိုင်း ၁ လုံးနှင့် ပြည်နယ်မြေ စာရင်းရုံးအနီး မိုင်းပေါက်ကွဲသည့်နေရာ၌ မပေါက်ကွဲသည့် ရီမုမိုင်း ၂ လုံးတို့ကို တွေ့ရှိသဖြင့် အန္တရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ်နိုင်ခဲ့ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)