Connect with us

Politics, Law & Military

တပ်မတော်က တိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခုတွင် စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းသွားမည့် ရက်ထပ်မံ တိုးမြှင့်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်မှုအား တွေ့ ရစဉ်(ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

တပ်မတော်က တိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခုတွင် စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းသွားမည့် ရက်အား ထပ်မံ တိုးမြှင့်လိုက်ကြောင်း ယနေ့ဧပြီ ၃၀ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး နှင့် ထာဝရ ငြိမ်းချမ်းရေး အတွက် ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ တိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခုတွင် စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုများအး မူလက ယနေ့ဧပြီလ ၃၀ ရက် အထိ ရပ်ဆိုင်း ထားခဲ့ရာမှ ယခု အခါ ဇွန်လ ၃၀ ရက် အထိ ထပ်မံ တိုးမြှင့်လိုက်ကြောင်း သိရသည်။

တပ်မတော် အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ၏ တောင်းဆိုချက်အရ ထာဝရ ငြိမ်းချမ်း ရေးရရှိစေရေး ဦးတည်လျက် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်အား ပိုမိုထိရောက်စွာ ဆက်လက်ဆောင်ရွက်နိုင်ရန် ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးရပ်ဆိုင်းပြီး အပစ်အခတ် ရပ်စဲရေး ကာလအတွင်း NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများမှလည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ၊ ထိုသို့ ဆွေးနွေးကြရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော KIA၊ TNLA နှင့် MNDAA တို့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)အား လက်မှတ်ရေးထိုးနိုင်သည်အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆက် လက်ဆွေးနွေး ဆောင်ရွက်နိုင်ရေး အပစ်အခတ်ရပ်စဲရေးကာလအား ထပ်မံတိုးမြှင့်ပေး ရန် တောင်းဆိုလာခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.