Connect with us

Politics, Law & Military

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအသစ်တို့ပထမဆုံးအကြိမ် တွေ့ဆုံ


ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အသစ် ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီဝင် များသည် ပထမဆုံး အကြိမ်အဖြစ် ယနေ့ဇန်နဝါရီ ၂၄ ရက်တွင် နေပြည်တော်၌ ဆုံခဲ့သည်။

ထို့သို့ တွေ့ဆုံမှုအပေါ် ” သတင်းမီဒီယာ ကောင်စီ အသစ် အနေနဲ့ တွေ့ဆုံတာပါ။

ကျွန်တော်တို့ဘက်ကတော့ သတင်း အချက်အလက် စီးဆင်းမှု ပိုပြီး မြန်ဆန်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတွေ ထပ်လုပ်ဖြစ်ဖို့ တိုက်တွန်းပြောပါတယ်။သူတို့လည်း လုပ်ပါမယ်လို့ သူတို့ ပြောပါတယ်။
သတင်းမီဒီယာက အရေးကြီးတယ်ဆိုတဲ့ဟာမျိုးကိုလည်း ကာကွယ်ရေး ဦးစီးချုပ်က အလေးပေးပြီး ပြောပါတယ်။သတင်းမီဒီယာ ကောင်စီ အခန်းကဏ္ဍကိုလည်း အသိအမှတ် ပြုပါတယ်” ဟု သတင်းမီဒီယာ ကောင်စီဝင် ဦးမြင့်ကျော်က ဆင်ဟွာသို့ ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အသစ် ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီဝင်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ-Senior General Min Aung Hlaing Facebook)

ထိုပြင် လာမည့် အစိုးရသစ်လက်ထက် တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍ များကိုလည်း ထည့်သွင်း ပြောကြားခဲ့ပြီး တိုင်းပြည် ငြိမ်းချမ်းရေးရရှိမှ ဖွံ့ဖြိုးတိုးတတ်နိုင်မည် ဖြစ်၍ အလေးအနက်ထားပြီး ငြိမ်းချမ်းရေး ရရှိအောင် လုပ်ဆောင်သွားမည် ဖြစ်ပြီး နောက်လာမည့် အစိုးရ နှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် သတင်း မီဒီယာ ကောင်စီ ဥက္ကဌ ဦးခင်မောင်လေး ၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဖေမြင့် ၊ ဒေါက်တာမျိုးသန့်တင် ၊ အတွင်းရေးမှူးအဖြစ် ဦးသီဟစော တို့အပါအဝင် သတင်းမီဒီယာ ကောင်စီဝင် ၂၄ ဦး တတ်ရောက်ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခင်က မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) နှင့် တွေ့ဆုံမှုများ ရှိခဲ့သော်လည်း သတင်းမီဒီယာ ဥပဒေနှင့် သတင်းမီဒီယာ နည်းဥပဒေများ အရ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖြစ်မှ “သတင်း မီဒီယာ ကောင်စီ”အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီးနောက် ပထမဆုံး အကြိမ် တွေ့ဆုံမှု ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ခေတ်နှင့် လျော်ညီသော သတင်း မီဒီယာ ဥပဒေကို ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင်လည်းကောင်း ၊ နည်း ဥပဒေကို ၂၀၁၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် လည်းကောင်း ထုတ်ပြန် ပြဌာန်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.