Connect with us

Politics, Law & Military

တရားမဝင် ကျောက်စိမ်းတုံးများ ၁၉၃ တုံး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် တရားခံနှင့် ကျောက်စိမ်းတုံးများအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်-မိုးမောက်-လွယ်ဂျယ်သွား ကားလမ်းပေါ်ရှိ စိန်လုံစုပေါင်း စစ်ဆေးရေးဂိတ်၌ တိပ်ဝါများဖြင့် ပတ်ထားသည့် တရားမဝင် ကျောက်စိမ်းတုံးဆိုဒ်စုံ ၁၉၃ တုံး(၈၂၂ .၂ ကီလိုဂရမ်)ခန့်နှင့် ကျောက်အသေးများ အရွယ်စုံ (၂.၄ ကီလိုဂရမ်)၊ စုစုပေါင်း (၈၂၄ .၆ ကီလိုဂရမ်) ခန့်အား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောသည်။

တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ဆေးမှုများ ဆောင်ရွက်စဉ် မေလ ၂၂ ရက် ညနေ ၆ နာရီ တွင် မိုးမောက်ဘက်မှ လွယ်ဂျယ်ဘက်သို့ မောင်းနှင်လာသည့် Hilux အမျိုးအစား ယာဉ်အမှတ် 7H/——- အား စစ်ဆေးရာ ယာဉ်နောက်ခန်း ကြမ်းခင်း အောက်တွင် ဝှက်၍ သယ်ဆောင်လာသော တိပ်ဝါများဖြင့် ပတ်ထားသည့် တရားမဝင် ကျောက်စိမ်းတုံးများနှင့် ကျောက်အသေးများ စုစုပေါင်း (၈၂၄ .၆ ကီလိုဂရမ်) ခန့်အား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများ၊ ယာဉ်နှင့် တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းတုံးများအား မိုးမောက်မြို့မ ရဲစခန်းသို့ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.