Connect with us

Politics, Law & Military

ဒုတိယ အကြိမ် လွှတ်တော်များ သက်တမ်းအတွက် လျာထားသည့် လွှတ်တော် ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌ အမည် စာရင်း များအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အတည်ပြု

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအား ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဒုတိယ အကြိမ် လွှတ်တော်များ အတွက် ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌများ ခန့်အပ် တာဝန်ပေးအပ်မည့် သူများ စာရင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီမှ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များနှင့် ယနေ့ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇဗ္ဗူသီရိ အစည်းအဝေး ခန်းမဆောင်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဒုတိယ အကြိမ် လွှတ်တော် သက်တမ်းအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းမြင့် အားလည်းကောင်း ၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးတီခွန်မြတ် အားလည်းကောင်း ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးမန်းဝင်းခိုင်သန်း အားလည်းကောင်း ၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရခိုင် အမျိုးသား ပါတီမှ ဦးအေးသာအောင် အားလည်းကောင်း ရွေးချယ် တာဝန်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ထားသည့် ဦးဝင်းမြင့်သည် ပထမအကြိမ် လွှတ်တော် သက်တမ်းတွင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သကဲ့သို့ယခု ဒုတိယ အကြိမ် လွှတ်တော် သက်တမ်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာမွေ မဲဆန္ဒနယ်တွင် အနိုင်ရ ခဲ့သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်ပြီး ပါတီတွင် ဗဟို အလုပ်အမှုဆောင် တစ်ဦးအဖြစ် ပြောရေးဆိုခွင့် ရှိသူ တစ်ဦး ဖြစ်သည်။

ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ထားသည့် ဦးတီခွန်မြတ်သည် ပထမအကြိမ် လွှတ်တော် သက်တမ်းတွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ကွတ်ခိုင် မဲဆန္ဒနယ်မှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီတွင် ဥက္ကဋ္ဌ ဖြစ်ပြီး ကချင်တိုင်းရင်းသား ဖြစ်သည်။

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ထားသည့် ဦးမန်းဝင်းခိုင်သန်း သည် ယခု ဒုတိယ အကြိမ် လွှတ်တော် သက်တမ်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကရင် ပြည်နယ် အမျိုးသား လွှတ်တော် အမှတ် ၈ မှ ရွေးကောက်ခံ ကရင်လူမျိုး ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်ပြီး ပထမအကြိမ် လွှတ်တော် သက်တမ်းတွင် ဝင်ရောက် ရွေးချယ်ခံခြင်း မရှိခဲ့ဘဲ တရား လွှတ်တော် ရှေ ့နေ အဖြစ် လုပ်ကိုင်ခဲ့ပြီး အာဇာနည်တစ်ဦး ဖြစ်သူ မန်းဘခိုင်၏ မြေး တော်စပ်သူ ဖြစ်သည်။

အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ထားသည် ဦးအေးသာအောင်သည် ပထမ အကြိမ် လွှတ်တော် သက်တမ်းတွင် ဝင်ရောက် အရွေးချယ်ခံခြင်း မရှိခဲ့ဘဲ ယခု ဒုတိယ အကြိမ် လွှတ်တော် သက်တမ်းတွင် ရခိုင် အမျိုးသား ပါတီကိုယ်စားပြု၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၆ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ရခိုင်အမျိုးသား တစ်ဦး ဖြစ်သည်။

ယခု ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော် အား ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပပြီး လွှတ်တော် သဘာပတိများအား ရွေးချယ် တင်မြှောက်၍ ဖေဖော်ဝါရီ ၂ ရက်တွင် လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော် ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌများ၏ အမည်စာရင်း တင်သွင်းခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.