Politics, Law & Military
ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံကာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပရေး ဆွေးနွေး
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ယနေ့တွေ့ဆုံကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်းဆိုင်ရာကိစ္စရပ်များအပါအဝင် အခြားငြိမ်းချမ်းရေး ကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။
နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဆောင် I-12 တွင် ယနေ့တွေ့ဆုံကာ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပခြင်းဆိုင်ရာကိစ္စရပ်များ၊ အကြို နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ ညှိနှိုင်းရေးဆိုင်ရာ ကိစ္စများနှင့်ပတ်သက်ပြီး နှစ်ဘက်အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့်အတူ မြန်မာငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင်များ ဖြစ်သော ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဦးကျော်ရင်လှိုင်၊ ဦးအောင်နိုင်ဦးတို့ တက်ရောက် ဆွေးနွေးခဲ့သည်။ (Xinhua)