Politics, Law & Military
ဒေါ်အောင်ဆန်းစုကြည် အောင်မြင်မှုပေါ် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက အသိအမှတ်ပြု ဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အောင်မြင်မှုများ အပေါ် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက အသိအမှတ်ပြုကြောင်းကို နှစ်ဦးသား တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ဆင်ဟွာသို့ ပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ (၄) ရက် နေ့လည် (၂) နာရီက နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်အမြစ်တွယ်ရေးကို အားပေး ထောက်ခံကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အောင်မြင်မှုကို အသိအမှတ်ပြုကြောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ကြောင်း ဦးဝင်းထိန်က ပြောကြားသည်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေရော၊ ဒေါ်အောင်ဆန်း စုကြည်ရော နောင်အနာဂတ် မြန်မာနိုင်ငံကို ဒီမိုကရေစီ အမြစ်တွယ်ရေးနဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်အောင်မြင်ဖို့ ကိစ္စတွေ ဆွေးနွေးတယ်ဆိုတာကို ကျွန်တော်တို့ကို င်းပြပါတယ်၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ပုံကိုင်ပုံတွေ၊ ပြတ်သားပုံတွေကို အသိအမှတ်ပြုတဲ့ အကြောင်း ပြောတယ်” ဟု ဦးဝင်းထိန်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အစိုးရအဖွဲ့နှင့် တပ်မတော်၌ အထိုက်အလျောက် သြဇာရှိသည်ဟု ယုံကြည်ချက်ပေါ် မူတည်ပြီး သွားရောက် တွေ့ဆုံခြင်း ဖြစ်ကြောင်း NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။ (Xinhua)