Politics, Law & Military
နိုင်ငံတော်သမ္မတ ထိုင်းဘုရင် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၌ ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒက်ရှ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်း စာအုပ်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။
နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံသံရုံးသို့ရောက်ရှိရာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲ များနှင့် သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြပြီး ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့်ဇနီး၊ သံရုံးမှတာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။(Xinhua)