Politics, Law & Military
နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားလိုသူများ ယခုနှစ်ကုန် နောက်ဆုံးထား လျှောက်ထားရန် ကော်မရှင်မှ အသိပေး ကြေညာ
ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)
နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားလိုသူ များသည် ယခုနှစ် ဒီဇင်ဘာလ ၃၀ ရက် နောက်ဆုံးထား၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)သို့ လျှောက်ထားကြရန် ကော်မရှင်မှ အသိပေးကြေညာခဲ့သည်။
၂ဝ၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲများကို ယင်းနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပရန် ရှိသဖြင့် နိုင်ငံရေး ပါတီ တည်ထောင်ခြင်း နှင့် မှတ်ပုံတင်ခြင်း ၊ ပါတီများ ပူးပေါင်းလျက် ပါတီ တစ်ခုတည်း အဖြစ် တည်ထောင်ခြင်း လုပ်ငန်း များအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ အမီ ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံရေး ပါတီများ အနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်း ၊ မဲဆွယ် စည်းရုံးခြင်း ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အချိန် လုံလောက်စွာ ရရှိစေရန် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေး ပါတီ တစ်ရပ် တည်ထောင် လိုသူ အနည်းဆုံး (၁၅)ဦးက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃(က)နှင့်အညီ ပါတီ တည်ထောင်ခွင့်များ လျှောက်ထားမှု အပေါ် ဥပဒေ နှင့် အညီ စိစစ်၍ မှတ်ပုံတင် ခွင့်ပြုလျက် ရှိကြောင်း သိရသည်။(Xinhua)