Connect with us

Politics, Law & Military

အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက်အစည်းအဝေး၌ မေးခွန်း ၂၇၀ မေးမြန်းခဲ့

အမျိုးသား လွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း နိဂုံးချုပ် စကား ပြောကြားနေစဉ်။

နေပြည်တော်၊ ဇွန် ၆ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် ဧပြီ ၂၉ ရက်နေ့မှ ဇွန်လ ၆ ရက် ၊ ယနေ့အထိ ကျင်းပခဲ့သော ဒုတိယ အကြိမ် အမျိုး သား လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြ မေးခွန်း ၁၁၇ ခုနှင့် ကြယ်ပွင့်မပြ မေးခွန်း ၁၅၃ ခုတို့ကို မေးမြန်းခဲ့ကြာင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

“အဆိုတင်သွင်းခြင်း ကဏ္ဍ မှာ ဦးမောင်မောင်ဦး (ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် – ၅)၏ မဒေးကျွန်း ရေနက် ဆိပ် ကမ်းသို့ ဝင်ရောက်လျက်ရှိ တရုတ်နိုင်ငံအတွက် တင်ပို့မည့် တန်ချိန် သုံးသိန်း အရွယ်ရှိ ဧရာမ ရေနံတင် သင်္ဘောများနှင့် ပတ်သက်သည့် အဆိုကို လွှတ်တော်က ဆွေးနွေးအတည်ပြုနိုင်ခဲ့ပါတယ်”ဟု ဒုတိယ အကြိမ် အမျိုး သား လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပြီးဆုံးသည့် နေ့၏ နိဂုံးချုပ် စကားတွင် လွှတ်တော် ဥက္ကဋ္ဌက ပြောခဲ့သည်။

ထို့အပြင် ဒေါက်တာ တင်တင်ဝင်း (ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်- ၅)၏ ကျေးလက်နေ အမျိုးသမီးများ ဘဝလုံခြုံရေး၊ မြှင့်တင်ရေးဆိုင်ရာ အဆို၊ ဒေါ်ထုမေ (ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် – ၁၁)၏ ကျောင်းသူကျောင်းသားများအတွက် အတိုးနည်းပါးသည့် ပညာရေး ချေးငွေ အစီအစဉ်များ ဆိုင်ရာ အဆို၊ ဦးကျော်ထွေး(ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်- ၈)၏ ပုဂ္ဂလိက ကျောင်း များ၏ အရည်အသွေး အဆင့်အတန်း စိစစ် အကဲဖြတ်ရေးဆိုင်ရာ အဆို– စုစုပေါင်း အဆို သုံးခု တို့ကို လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူခဲ့ခြင်း၊ ဥပဒေကြမ်း တင်သွင်းခြင်း ကဏ္ဍတွင် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၉) အား ပြင်ဆင် အတည်ပြု ခြင်း၊ ၂၀၁၉ ခုနှစ် အပင်မျိုးစေ့ အကာအကွယ်ပေးရေးဥပဒေကြမ်းနှင့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တို့ကို လွှတ်တော်က အဆိုတင်သွင်းခြင်း၊ ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ် ရေး ဥပဒေကြမ်းနှင့် မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေး စီမံကိန်း ဥပဒေကြမ်းတို့ကို လွှတ်တော်သို့ အဆိုတင် သွင်းခြင်း၊ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ အခြေခံပညာ ဥပဒေကြမ်း၊ ပညာရေး သုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေး ဥပဒေကြမ်းတို့ကိုလည်း ကိုယ်စားလှယ်များ ဆွေးနွေးနိုင်ရန် အမည်စာရင်း တောင်းခံထားပြီး ဖြစ်ကြောင်း၊ ဦးစိုးမိုး (ဧရာတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် – ၁)က တင်သွင်းသည့် တရားလွှတ် တော် ရှေ့နေများ ကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ဦးဘမျိုးသိမ်း (ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် – ၅) တင်သွင်းသည့် ၂၀၁၇ ခုနှစ် မြေသိမ်း ဥပဒေဒြမ်းကို ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်နှင့် ပြန်လည် ပေးပို့လာခြင်းကို ဆွေးနွေးရာတွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲချက်များဖြင့် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့ကြောင်း၊ အစီရင်ခံစာ တင်သွင်းခြင်း ကဏ္ဍတွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင် ခံစာ ကို ဆွေးနွေး အတည်ပြုနိုင်ခဲ့ကြောင်း၊ အမျိုးသား လွှတ်တော်၏ ရေးရာ ကော်မတီများက အစည်းအဝေးပေါင်း ၁၁၁ ကြိမ် ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ ဒေသအသီးသီးသို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာ ပြန်လည် ရောက်ရှိကြပြီး မဲဆန္ဒရှင် ပြည်သူများ အကျိုး၊ ဒေသ အကျိုး၊ နိုင်ငံတော်၏ အကျိုးကို ဆတက် ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေကြောင်း လွှတ်တော် ဥက္ကဋ္ဌက ဆုတောင်းစကား ပြောကြားပြီး အစည်းအဝေးကို ရပ်နားခဲ့သည်။ ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးသည်လည်း ယနေ့ ပြီးဆုံးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.