Connect with us

Politics, Law & Military

နှစ်ရက်အတွင်း သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များနှင့် ခါးပတ်မပတ်ဘဲ မောင်းနှင်သော ယာဉ်အစီးရေ တစ်ရာကျော်အား အား စစ်ဆေးအရေးယူနိုင်ခဲ့

အမြန်လမ်းတိုးဂိတ်တစ်ခုတွင် သိသင့်သိထိုက် လိုက်နာ အပ်သော အရေးပေါ်ဖုန်းနံပါတ်များ၊ လိုက်နာရမည့်စည်းကမ်းချက်များအားဖော်ပြထားသည့် လက်ကမ်းစာစောင်ကိုဝေနေစဉ် (ဓာတ်ပုံ--Yangon-Mandalay Expressway )

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များနှင့် ခါးပတ်မပတ်ဘဲ မောင်းနှင်သောယာဉ်များအား စစ်ဆေးအရေးယူ ခဲ့ရာ နှစ်ရက်အတွင်း ယာဉ်အစီးရေ တစ်ရာကျော်ဖမ်းဆီးနိုင်ခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးမှ သိရသည်။

အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များနှင့် ခါးပတ်မပတ်ဘဲ မောင်းနှင်သောယာဉ်များအား စက်တင်ဘာ ၁ ရက်မှစ၍ စစ်ဆေးအရေးယူ ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ အရေးယူရာတွင် စက်တင်ဘာ ၁ ရက် ညနေ ၆ နာရီမှ စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီအထိ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်သည့်ယာဉ်များကို စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်(၂ဝ၁) နေပြည်တော်တိုးဂိတ်၌ မော်တော် ယာဉ်ခုနစ်စီး၊ လှည်းကူးမြို့နယ်အမှတ်(၃)လမ်းဆုံတိုးဂိတ်၌ မော်တော်ယာဉ် ကိုးစီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ်၁၃ စီး၊ သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ခြောက်စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ်ကိုးစီး စုစုပေါင်း ၄၄ စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အမြန်လမ်း၌ ခါးပတ်မပတ်ဘဲ မောင်းနှင်သောယာဉ်များအား စစ်ဆေး ခဲ့ရာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၂ဝ၁) နေပြည်တော်တိုးဂိတ်၌ ခါးပတ် မပတ်သည့် မော်တော်ယာဉ် ၁ဝ စီး၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံတိုးဂိတ်၌ မော်တော်ယာဉ် ၁၃ စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၁၃ စီး၊ ဖြူးမြို့နယ် (၁၁၅) မိုင်ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၂၂ စီး စုစုပေါင်း ၅၈ စီးဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.