Politics, Law & Military
ပညာရေး နှင့် လျှပ်စစ် ဝန်ကြီး ဌာန ၂ ခု အတွက် ဒုတိယ ဝန်ကြီးများ ခန့်အပ်

ရန်ကုန် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)
ပညာရေး ဝန်ကြီး ဌာန ၊ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနများတွင် ဒုတိယ ဝန်ကြီး ၂ ဦးအား နိုင်ငံတော် သမ္မ္မတ ဦးထင်ကျော်က ယနေ့ စက်တင်ဘာ ၁၂ ရက်တွင် ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
ပညာရေး ဝန်ကြီးဌာနတွင် ဒုတိယ ဝန်ကြီး အဖြစ် ဦးဝင်းမော်ထွန်း အား လည်းကောင်း ၊ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနတွင် ဒုတိယ ဝန်ကြီး အဖြစ် ဒေါက်တာ ထွန်းနိုင်အား လည်းကောင်း အသီးသီး ခန့်အပ် တာဝန်ပေးလိုက်ကြောင်း သိရသည်။ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းသည် အသက်အားဖြင့် ၅၈ နှစ် အရွယ် ရှိပြီး ပညာအရည်အချင်း B.E (Mechanical) ရရှိခဲ့သူ ဖြစ်သည်။လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်သည် အသက်အားဖြင့် ၅၄ နှစ် အရွယ် ရှိပြီး ပညာ အရည်အချင်းမှာ မဟာအင်ဂျင်နီယာဘွဲ့၊ (လျှပ်စစ်စွမ်းအား) ရရှိခဲ့သူ ဖြစ်သည်။ (Xinhua)