Politics, Law & Military
ပျဉ်းမနားမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၃ ရွက် တွေ့ရှိ

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
နေပြည်တော်ကောင်စီ၊ ပျဉ်းမနားမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၃ ရွက် တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ၁၅း၀၀နာရီ အချိန် ရိုးမဘဏ်ခွဲ(ပျဉ်းမနား) သို့ ဦးစိန်ဝင်း (ဘ) ဦးချစ်လှ လာရောက်အပ်နှံသည့် ငွေ ၅,၈၉၀,၀၀၀ ကျပ်အနက်မှ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၁၃ ရွက်အား တွေ့ရှိရသဖြင့် ပျဉ်းမနားမြို့မရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)