Connect with us

Politics, Law & Military

ပြည်တွင်း ငြိမ်းချမ်းရေး ကို ဒုတိယ သက်တမ်း ၅နှစ်အတွင်း ရအောင်လုပ်ဆောင်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆို

နေပြည်တော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မီဒီယာများအား အားတွေ့ရစဉ် (ဓာတ်ပုံ- Senior General Min Aung Hlaing Facebook )

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ပြည်တွင်းငြိမ်းချမ်းရေးကို ဒုတိယသက်တမ်း ၅နှစ် အတွင်း ရအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အကြီးအကဲ၏ လက်အောက်တွင်ရှိသဖြင့် အရပ်သားအစိုးရ သမ္မတ၏ အစီအစဉ်အတိုင်း တပ်မတော်က ပူးပေါင်းဆောင်ရွက်နေကြောင်း တပ်ချုပ်ကဆိုသည်။
နိုင်ငံတော်အကျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိုနှိုင်းလုပ်ဆောင်လျက်ရှိပြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အစိုးရသစ်၏ဦးဆောင်မှုအောက်၌ လုပ်ဆောင်လျက်ရှိကြောင်း၊
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

နေပြည်တော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မီဒီယာများအား အားတွေ့ရစဉ် (ဓာတ်ပုံ- Senior General Min Aung Hlaing Facebook )
ယနေ့ ပြည်တွင်းသတင်းမီဒီယာများနှင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က AAလက်နက်ကိုင်အဖွဲ့ကိစ္စ၊ ဖားကန့်ဗုံးပေါက်မှုကိစ္စများ၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.