Connect with us

Politics, Law & Military

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံကို နိုင်ငံရေးတည်ငြိမ်လျှင် ပြင်ဆင်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆို

နေပြည်တော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မီဒီယာများအား အားတွေ့ရစဉ် (ဓာတ်ပုံ- Senior General Min Aung Hlaing Facebook )

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံကို နိုင်ငံရေးနောက်ခံ တည်ငြိမ်လာလျှင် ပြင်ဆင်မည်ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

“၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘူးလို့ မပြောလိုဘဲ သင့်တော်တဲ့အချိန်၊ ပြင်ဆင်သင့်တဲ့အချိန်ကြရင် ပြင်ဆင်မှာပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို အထူးသဖြင့် နိုင်ငံရေးနောက်ခံ တည်ငြိမ်လာလျှင် ပြင်ဆင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသက် ၆ဝ ပြည့်သော်လည်း အငြိမ်းစားမယူသေးကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ထာဝရငြိမ်းချမ်းရေးဖြစ်လာလျှင် လွှတ်တော်အတွင်းမှ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်သွား မလားဆိုသည့် မေးခွန်းကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အားလုံးအဆင်ပြေလျှင် ပြည်သူများလိုလားသည့် အတိုင်း ဖြစ်စေရမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
ယင်းသတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ညွှန်ကြားထားသည့် အတိုင်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်နေပြီး တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လုပ်ငန်းကို ထိခိုက်မည့် ကိစ္စရပ်များ မပြုလုပ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.