Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းခြင်း ကြော်ငြာချက်အား တွေ့ရစဉ် (ဓာတ်ပုံ-Mynamar President Office)

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီအား ဥက္ကဋ္ဌ အဖြစ် ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးကျော်တင့်ဆွေ ၊ အတွင်းရေးမှူးအဖြစ် ဦးလှမောင်ရွှေ ဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ၏ လုပ်ငန်းတာဝန် စုစုပေါင်း ၁၅ ချက် ပါဝင်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ( Nationwide Ceasefire Agreement –NCA) လက်မှတ် ရေးထိုးပြီးသည့် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးရန် အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံအကြို ပြင်ဆင်ရေးဆပ်ကော်မတီ (၁) ကို ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ၊ အတွင်းရေးမှူး(၁) အဖြစ် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ အတွင်းရေးမှူး (၂) အဖြစ် ဒေါက်တာမင်းဇော်ဦးတို့မှ ဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း ကြော်ငြာချက်ထဲတွင် ပါရှိသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၂) ကို ဥက္ကဋ္ဌ အဖြစ် ဒေါက်တာတင်မျိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဦးလှမောင်ရွှေက ဆောင်ရွက်ပြီး အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.