Connect with us

Politics, Law & Military

အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေး ကော်မတီအား ဖွဲ့စည်း

အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေး ကော်မတီ ဖွဲ့စည်းမှု ကြော်ငြာချက်အား တွေ့ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) အား အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (National Reconciliation and Peace Center NPRC) အဖြစ် ပြန်လည်ဖွဲ့စည်းရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေး ကော်မတီအား ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးကျော်တင့်ဆွေ က တာဝန်ယူရမည် ဖြစ်ပြီး ၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ ဥက္ကဋ္ဌ ၊ဒုတိယ ဥက္ကဋ္ဌ အပြင် အတွင်းရေးမှူး အဖြစ် ဦးမောင်မောင်တင့် ညွှန်ကြားရေးမှူးချုပ် စီမံကိန်းရေးဆွဲရေး ဦးစီးဌာန စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ပြီး အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ကြော်ငြာချက်ထဲတွင် ပါရှိသည်။
ယင်းကော်မတီသည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ဖြင့် NPRC အား ပြင်ဆင်ဖွဲ့စည်းမှု ပြုလုပ်ရန်၊ နေပြည်တော်တွင် ဗဟိုဌာန ရုံးချုပ်ထားရှိပြီး ရန်ကုန်ရှိ ယခင် MPC ကို NPRC ၏ ရန်ကုန်ရုံးခွဲအဖြစ် ဖွဲ့စည်းရန် စသဖြင့် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန် ၇ ချက်အား ကြော်ငြာချက်ထဲတွင် ထည့်သွင်း ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.