Politics, Law & Military
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား ခန့်အပ်ရန် ကန့်ကွက်ချက် တစ်စုံတစ်ရာ မရှိ သဖြင့် ပြည်ထောင်စု လွှတ်တော်မှ သဘောတူ
ရန်ကုန် ၊ မတ် ၂၈ ရက် (ဆင်ဟွာ)
နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူက အဆိုပြုတင်ပြသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား ခန့်အပ်ရန် ကန့်ကွက်ချက် တစ်စုံတစ်ရာ မရှိသဖြင့် ယနေ့မတ်လ ၂၈ ရက်တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သဘောတူကြောင်း ကြေညာခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဦးလှသိန်း အပါအဝင် အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့် ၊ ဦးစိုးရယ်၊ ဦးထွန်းခင် နှင့် ဦးလှတင့် စုစုပေါင်း ၅ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ (Xinhua)