Connect with us

Politics, Law & Military

ပြည်ဝင်ခွင့် ဗီဇာ ၁၂ မျိုးနှင့် ပြည်ပြန်ဝင်ခွင့် ဗီဇာ ၃ မျိုးတို့ကို ဇန်နဝါရီလ ၁၁ ရက်တွင် စတင် ခွင့်ပြုမည်

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာ သော ကမ္ဘာလှည့် ခရီးသွားများ အား ပြည်ဝင်ခွင့် စစ်ဆေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ အကြောင်း အမျိုးမျိုးကြောင့် လာရောက်သော နိုင်ငံခြားသားများ အတွက် လက်ရှိ ကျင့်သုံးနေသော ပြည်ဝင်ခွင့် ဗီဇာ ၆ မျိုးအစား ပြည်ဝင်ခွင့် ဗီဇာ (Entry Visa) ၁၂ မျိုးနှင့် ပြည်ပြန်ဝင်ခွင့် ဗီဇာ (Re_entry Visa) ၃ မျိုးတို့ကို ယခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် စတင် ခွင့်ပြုမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ ထုတ်ပြန်သည်။

အဆိုပါ ပြည်ဝင်ခွင့် ဗီဇာများ ဖြစ်သော သံတမန်/သံအဖွဲ့ဝင် ဗီဇာအတွက် ဗီဇာကြေး အခမဲ့ သတ်မှတ်ထားသော နေထိုင်ခွင့် ကာလ တာဝန် ထမ်းဆောင်စဉ် ကာလ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ဗီဇာအတွက် ဗီဇာကြေး ဒေါ်လာ ၂၀ နှင့် သတ်မှတ်ထားသော နေထိုင်ခွင့် ကာလ ၂၈ ရက်၊ ကမ္ဘာလှည့် ဗီဇာ အတွက် ဗီဇာကြေး ဒေါ်လာ ၂၀ နှင့် သတ်မှတ် ထားသော နေထိုင်ခွင့် ကာလ ၂၈ ရက်၊ လုပ်ငန်း ဗီဇာအတွက် ဗီဇာကြေးသည် ၃၆ ဒေါ်လာနှင့် သတ်မှတ်ထားသော နေထိုင်ခွင့် ကာလ ရက်ပေါင်း ၇၀၊ အလုပ်သမား ဗီဇာအတွက် ဗီဇာကြေး ၃၆ ဒေါ်လာနှင့် သတ်မှတ်ထားသော နေထိုင်ခွင့် ကာလ ရက်ပေါင်း ၇၀၊ လူမှုရေး ဗီဇာအတွက် ဗီဇာကြေး ၃၆ ဒေါ်လာနှင့် သတ်မှတ်ထားသော နေထိုင်ခွင့်ကာလ ၂၈ ရက်၊ သာသနာရေး ဗီဇာအတွက် ဗီဇာကြေး ၃၆ ဒေါ်လာနှင့် သတ်မှတ်ထားသော နေထိုင်ခွင့်ကာလ ရက်ပေါင်း ၇၀၊ ပညာရေး ဗီဇာအတွက် ဗီဇာကြေး ၃၆ ဒေါ်လာ သတ်မှတ်ထားသော နေထိုင်ခွင့်ကာလ ရက်ပေါင်း ၇၀၊ စာနယ်ဇင်း ဗီဇာအတွက် ဗီဇာကြေး ၃၆ ဒေါ်လာ သတ်မှတ်ထားသော နေထိုင်ခွင့်ကာလ ၂၈ရက်၊ ယာဉ်အမှုထမ်း ဗီဇာအတွက် ဗီဇာကြေး ၃၆ ဒေါ်လာ သတ်မှတ်ထားသော နေထိုင်ခွင့်ကာလ ရက်ပေါင်း ၂၈ရက်၊ အလုပ်ရုံ/ ဆွေးနွေးပွဲ/ အစည်းအဝေး/ သုတေသန ဗီဇာအတွက် ဗီဇာကြေး ဒေါ်လာ ၃၆ သတ်မှတ်ထားသော နေထိုက်ခွင့် ကာလ ၂၈ ရက်နှင့် ဖြတ်သန်း ဗီဇာအတွက် ဗီဇာကြေး ၂၈ ဒေါ်လာ သတ်မှတ် ထားသော နေထိုင်ခွင့် ကာလ ၂၄ ရက်စသည့် တို့ ပြောင်းလဲ သတ်မှတ်လိုက်သည်။

ပြည်ပြန်ဝင်ခွင့် ဗီဇာများ ဖြစ်သော အကြိမ်ကြိမ် အထူး ပြည်ပြန်ဝင်ခွင့် ဗီဇာ ဗီဇာကြေး ဒေါ်လာ ၁၈၀ ခွင့်ပြု နေခွင့် ကာလထိ နေထိုင်နိုင်ခြင်း၊ အထူး ပြည်ပြန် ဝင်ခွင့်ဗီဇာ (သို့) တစ်ကြိမ် ပြည်ပြန်ဝင်ခွင့်ဗီဇာ ဒေါ်လာ ၅၄ ဒေါ်လာ ခွင့်ပြု နေခွင့် ကာလထိ နှင့် ပြည်ပြန်ဝင်ခွင့် ဗီဇာ (ပြည်တွင်း၌ နေထိုင်သည့် အမြဲနေ အရည်အချင်းရှိ နိုင်ငံခြားသားများ အတွက်သာ) ကျပ် ၅,၀၀၀ ခွင့်ပြု နေခွင့်ကာလ ၆ လ သတ်မှတ်ပြောင်းလဲ ကျင့်သုံး မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.