Connect with us

Politics, Law & Military

၂၀၁၅ ခုနှစ်အတွင်း မူးယစ် ဆေးဝါး အမှုပေါင်း ၆,၄၁၄ မှု၊ တရားခံပေါင်း ၉,၁၈၈ ဦးတို့အား ဥပဒေ အရ အရေးယူ နိုင်ခဲ့

မြန်မာ နိုင်ငံ၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား ဖျက်ဆီးရန် ပြင်ဆင်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၆,၄၁၄ မှု ဖမ်းဆီးခဲ့ရာတွင် အမျိုးသား တရားခံ ၈,ဝ၅၅ ဦး၊ အမျိုးသမီး တရားခံ ၁,၁၃၃ ဦး စုစုပေါင်း တရားခံ ၉,၁၈၈ ဦး တို့အား ဥပဒေအရ အရေးယူ နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက် အရသိရသည်။

ဘိန်း ၃၈၈ မှု၊ အလေးချိန် ၈၈၈.၄၄ ကီလို၊ ဘိန်းဖြူ ၂,၅ဝ၂ မှု၊ အလေးချိန် ၁၈၆.ဝ၄၁၁ ကီလို၊ ဘိန်းညိုမှုန့် လေးမှု၊ အလေးချိန် ၅၃၈.၉ဝ၆၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၁၅ မှု၊ ၄၉,၉၅ဝ,၉၁၂ ပြား၊ ဆေးခြောက် ၂၁၅ မှု၊ အလေးချိန် ၈၇.၇ဝ၅၆ ကီလို၊ ဘိန်းရည် ၁၂ မှု၊ ၅၇.၁၇၁၉ လီတာ၊ ဘိန်းဆီခဲ ၇၈ မှု၊ အလေးချိန် ၃၈.ဝ၈၄၇ ကီလို၊ အဆင့်နိမ့်ဘိန်း ၁၃၇ မှု၊ အလေးချိန် ၃၄.၉၂ဝ၃ ကီလို၊ ဆူဒိုအက်ဖီဒရင်း ကိုးမှု၊ ၁ဝ,ဝဝ၉,၅ဝဝ၊ အိုက်စ် ၄၉ မှု၊ အလေးချိန် ၂,၂၆၁.၆၉၃၈ ကီလို၊ ဘိန်းစာမှုန့် အမှု ၃ဝ၊ အလေး ချိန် ၆၈၇.၃၅၁၅ ကီလို၊ ဗျူပရီနော်ဖင်းဆေးပြား လေးမှု၊ အပြား ၂,၉ဝဝ၊ စိတ်ကြွအကြေမှုန့် ၂၅ မှု၊ အလေးချိန် ၁၉၇.၈၇၉၂ ကီလို၊ ကဖင်း ခြောက်မှု၊ အလေးချိန် ၉,၉၃၂.၂၆ဝ၈ ကီလို၊ ကတ်တမင်းအရည် တစ်မှု၊ ၃.၁ လီတာ၊ အက်ဖီဒရင်း ကိုးမှု၊ အလေးချိန် ၁၁၁.၉,၄၄၅ ကီလို၊ အမိုနီယမ် ကလိုရိုက် ၁၈ ကီလို၊ ဆူဒိုအက်ဖီဒရင်းမှုန့် တစ်မှု၊ အလေးချိန် ၂၃၅.၂၅၃ ကီလို၊ လွိုင်ဇောအရည် နှစ်လီတာ၊ ဟိုက်ဒရို ကလိုရစ်အက်စစ် အရည် တစ်မှု၊ လီတာ ၇,၉၅ဝ၊ ဗျူပရီနော်ဖင်း ထိုးဆေး တစ်မှု၊ ၄၄၃ ပုလင်း၊ ဒိုင်ယာဇီပမ်ဆေးပြား လေးမှု၊ ၂ဝ၁,၇၈၂ ပြား၊ ဒိုင်ယာဇီပမ်ထိုးဆေး ခြောက်မှု၊ ၂,၈၃၃ ပုလင်း၊ ထရာမဒေါလ်ထိုးဆေး ပုလင်း ၈ဝ၊ အက်စီတစ်အင် ဟိုက်ဒရိုက် ကီလို ၃ဝ၊ Sedil ဆေးရည် ဝ.၀၀၂ လီတာ၊ အယ်ပရာဇိုလမ် ဆေးပြား နှစ်မှု၊ အပြား ၁၀,၄၃ဝ၊ ဘိန်းဆီရည် နှစ်မှု၊ ၂၇.၅၇၅ လီတာ၊ ဓာတုဆေးရည် တစ်မှု၊ ၁ဝ,၆၃၉ လီတာ၊ ဆေးပြား အရောင်တင်မှုန့် ဝ.၈ ကီလို၊ Anthranilic Acid တစ်မှု၊ အလေးချိန် ကီလို ၁,၁ဝဝ၊ အက်စီတစ်အင် ဟိုက်ဒရိုက်အရည် တစ်မှု၊ လီတာ ၂၆ဝ၊ အက်စီတုန်းအရည် လီတာ ၁,၈၈ဝ၊ ဆာလဖျူရစ် အက်စစ်အရည် ၂,၁၉၇.၆၅ လီတာ၊ ဖီနိုင်းအက်စီတစ်အက်ဆစ်ခဲ ကီလို ၂,၁၅ဝ၊ ဖီနိုင်းပရိုပီနုန်း အရည် တစ်မှု၊ လီတာ ၈,၁၉ဝ၊ အက်တက်စီဆေးပြား တစ်မှု၊ တစ်ပြား၊ အရိုး မီးသွေးအလေး ချိန် ကီလို ၇၅ဝ၊ ဖင်စီဒိုင်းထိုးဆေး ၅၇၅ ပုလင်း၊ ကိုဒင်းချောင်းဆိုးဆေးရည် တစ်မှု ဝ.၁ လီတာ၊ မော်ဖင်း ထိုးဆေး တစ်မှု၊ ခြောက်ပုလင်း၊ ဒက်စတာ မီတာဇုန်းဆေးပြား ၇ဝ၊ ဒိုင်မီသိုင်း ဆာလဖိတ် နှစ်မှု၊ လီတာ ၁,၉၂ဝ၊ ထရာမဒေါလ်ဆေးတောင့် ရှစ်မှု၊ ၂၂,၅၇၇ တောင့်၊ ဆက်စပ်ပစ္စည်းတစ်မှု၊ အခြားအမှုများ အနေဖြင့် မှတ်ပုံတင်ပျက် ၆၆မှု၊ အခြားမှု ၂၉ မှု အား ဖမ်းဆီးရမိ ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

အဆိုပါ မှုခင်းများအား ၂၀၁၅ ခုနှစ်အတွင်း တပ်မတော်၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့ များ၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ရထား ရဲတပ်ဖွဲ့၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့နှင့် အကောက် ခွန် ဦးစီးဌာနတို့ ပါဝင် သော အဖွဲ့များမှ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.