Politics, Law & Military
ပြည်သူ့လွှတ်တော်၌ ကိုယ်စားလှယ်များ ကတိသစ္စာပြု လက်မှတ်ရေးထိုး

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
ဒုတိအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၉ဦး ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးကြသည်။
ပြည်သူ့လွှတ်တော်၌ လွှတ်တော် ကိုယ်စားလှယ် ၄၃၃ဦးရှိရာ ခွင့်တိုင်ကြားသူ ၄ဦးရှိသဖြင့် ယနေ့ အစည်းအဝေးသိူ့ ၄၂၉ဦး တက်ရောက်ပြီး ကိုယ်စားလှယ်ဖြစ်ကြောင်း ကတိသစ္စာပြု လက်မှတ်ရေးထိုးကြသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၌ ကိုယ်စားလှယ်များ ကတိသစ္စာပြု လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)
အဆိုပါ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်ဌေးကြွယ် (ချောင်းဆုံ) ဆောင်ရွက်မည်ဖြစ်သည်။ယနေ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဌနှင့် ဒု ဥက္ကဌ တို့ကိုရွေးချယ် တင်မြှောက်မည်ဖြစ်သည်။ (Xinhua)