Connect with us

Politics, Law & Military

ပြည်သူ့လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီအား ဥက္ကဋ္ဌ အဖြစ် ဦးခွန်မောင်သောင်း အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်း တာဝန် ပေးအပ်

ပြည်သူ့လွှတ်တော် အစည်းအဝး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီအား ဥက္ကဋ္ဌ အဖြစ် ပင်လောင်း မဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်း နှင့် အတွင်းရေးမှူး အဖြစ် မြစ်ကြီးနား မဲဆန္ဒနယ်မှ ဦးအင်ထုံးခါးနော်ဆမ် အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့သည်။

တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင် ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း ၊ ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့၏ အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့ကို ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်ရယူခဲ့ပြီးနောက် ကော်မတီ ဖွဲ့စည်းကြောင်း အတည်ပြု ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.