Politics, Law & Military
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၅၈ ရွက် ဖမ်းဆီးရမိမှု

ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၅၈ ရွက် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ၁၈း၃၀နာရီ အချိန် ငါ့သရောက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ညောင်ဦးမြို့နယ်၊ ဆည်ကျေးရွာနေ ဦးသန်းဝင်းထွန်း(၄၂)နှစ် ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနေအိမ်မှ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၅၈ ရွက်အား ဖမ်းဆီးရမိခဲ့ပြီး စစ်မေးရာ စက်တင်ဘာလ ၆ ရက်နေ့ ၁ရး၀၀နာရီ အချိန် လှိုင်သာယာမြို့နယ် “ဝင်းဝင်း” လက်ဖက်ရည်ဆိုင်၌ ဦးမုတ်ဆိတ် (စိစစ်ဆဲ)ထံမှ ၎င်းရောင်းချထားသော ကြက်ဖိုးငွေ ပေးချေ၍ ရရှိခဲ့သော ငွေများဖြစ်ကြောင်း သိရှိရ၍ ဦးသန်းဝင်းထွန်း(ဖမ်းမိ)အား ငါ့သရောက်နယ်မြေရဲစခန်း (ပ) ၁၃/၂၀၁၈၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ (Xinhua)