Politics, Law & Military
မိုဘိုင်းဖုန်း အခွန် ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး ပေးဆောင်ရန် ကြေညာ

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
ပြည်ထောင်စု အခွန် ဥပဒေအရ မိုဘိုင်းဖုန်း အခွန် ဧပြီလ ၁ ရက်မှ စတင်ပြီး ပေးဆောင်ရန် ဖုန်းအော်ပရေတာများက ယနေ့ စတင် ကြေညာလိုက်သည်။
ယင်းကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ပြည်ထောင်စု အစိုးရ ကိုယ်စား ဖုန်းအော်ပရေတာများက ကောက်ခံပြီး သုံးစွဲသူ မိဘပြည်သူများ ကိုယ်စား ပြည်ထောင်စု အစိုးရသို့ ပေးသွင်း သွားမည် ဖြစ်သည်။
“၁၀,၀၀၀ တန်ထည့်ရင် ၅ ရာခိုင်နှုန်းဆိုတော့ ၉,၅၀၀ ပဲ ဖုန်းဘေလ် ရတော့မယ်၊ MPTရော အော်ရီဒူးရော တယ်လီနော်ရော အကုန်အခွန်ပေးရမယ်”ဟု MPT ရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အဆိုပါ မိုဘိုင်းဖုန်း အခွန်များအတွက် ဖုန်းငွေဖြည့်ကဒ် ကျပ် ၁,၀၀၀၊ ၃,၀၀၀၊ ၅,၀၀၀၊ ၁၀,၀၀၀နှင့် ၃၀,၀၀၀ မည့်သည့် တန်ဖိုး ငွေဖြည့်သည်ဖြစ်စေ အခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်သည်။ (Xinhua)