Connect with us

Politics, Law & Military

မိုးကုတ်-ပြင်ဦးလွင်သွား ကားလမ်းတွင် ကျပ် ၉.၁ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် အိုက်စ်(မက်သ်အဖက်တမင်း)များနှင့်အတူ တရားခံများအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်
ပြင်ဦးလွင်မြို့နယ်၊ ညောင်ကုန်းကျေးရွာအနီး၊ မိုးကုတ်-ပြင်ဦးလွင် သွား ကားလမ်းပေါ်ရှိ ၁၂ ဘီးယာဉ်တစ်စီးပေါ်မှ ကျပ် ၉.၁ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) က ယနေ့ ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မိုးကုတ်-ပြင်ဦးလွင်သွား ကားလမ်းတွင် ဇန်နဝါရီ ၂၆ ရက်က မိုးကုတ်ဘက်မှ ပြင်ဦးလွင်ဘက်သို့ ဦးတည်မောင်းနှင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်မောင်းနှင်လာသူ နှင့် ယာဉ်ပေါ်လိုက်ပါလာသူ နှစ်ဦးတို့နှင့်အတူ ယာဉ်၏နောက်ဘော်ဒီ အရှေ့ပိုင်းတွင် ထည့်သွင်းသယ်ဆောင်လာသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၄၈၀ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန်တုံမြို့နယ်၊ လွယ်ကန်ကျေးရွာနေ သန်းအောင် နှင့် ညီဖြစ်သူ ကြာအောင် တို့မှ မိုင်းရယ်မှ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်သို့ သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်းသိရှိရသဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.