Politics, Law & Military
မောင်တောမြို့နယ် ရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်စဉ် ပါဝင်သူ တရားခံပြေးနှစ်ဦး ဖမ်းမိ

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ငါးခူရရဲစခန်းအား အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်သူ တရားခံပြေးနှစ်ဦးအား ဖမ်းဆီးရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ မောင်တောမြို့နယ် ဦးရှည်ကျကျေးရွာအတွင်း လှည့်ကင်းဆောင်ရွက်စဉ်
၂၀၁၆ ခုနှစ် အောက်တိုဘာလက ငါးခူရနယ်မြေရဲစခန်းအား အကြမ်းဖက်စီးနင်းတိုက်ခိုက်ခဲ့မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ တရားခံပြေးနှစ်ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် ငါးခူရနယ်မြေစခန်း၌ အမှုဖွင့်စစ်ဆေး
လျက်ရှိကြောင်း သိရသည်။(Xinhua)