Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၏ သတ္တုတွင်းလုပ်ငန်းကဏ္ဍတွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အပြည်ပြည်ဆိုင်ရာ သတ္တုတွင်း ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုအဖွဲ့တို့ တွေ့ဆုံစဉ်(ဓာတ်ပုံ- MOFA)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ သတ္တုတွင်းလုပ်ငန်းကဏ္ဍတွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ သတ္တုတွင်း ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုအဖွဲ့တို့ ယနေ့ တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ သတ္တုတွင်းလုပ်ငန်းကဏ္ဍတွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍လည်းကောင်း၊ သတ္တုတွင်းလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် သဟဇာတရှိစေမည့် နည်းလမ်းများ တိုးတက်ရှာဖွေရေးနှင့်ပတ်သက်၍လည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၀ နာရီတွင် အပြည်ပြည်ဆိုင်ရာ သတ္တုတွင်း ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုအဖွဲ့ (International Investors for Mineral Development Association-IIMDA) မှ Mr. Richard Taylor ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.