Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ၁ ရာခိုင်နှုန်း အခွန်၊ ယူရို ၉၃ သန်းကိစ္စ ခုံရုံး၏ အစီရင်ခံချက် လာမည့် အပတ်တွင် ထွက်ရှိမည်

ရန်ကုန်မြို့တွင် ပြုလုပ်သော ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အမှုဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ၁ ရာခိုင်နှုန်း အခွန်၊ ယူရို ၉၃ သန်းကိစ္စ နှင့် ပတ်သက်၍ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ ခုံရုံးဖွဲ့ စစ်ဆေးမှု၏ အစီရင်ခံချက် လာမည့် အပတ်တွင် ထွက်ရှိမည် ဖြစ်ကြောင်း ၊ ၎င်း အစီရင်ခံချက်၏ အဖြေပေါ် မူတည်၍ လိုအပ်ပါက ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကျော်ကျော်ဦးက ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ် မေလ ၂၃ ရက်တွင် ညွှန်ချုပ် ၃ ယောက်မှ ခုံရုံးဖွဲ့၍ စတင် စစ်ဆေးခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ ကောက်ခံထားခဲ့သော ၁ ရာခိုင်နှုန်း အခွန်အား စတင် ကောက်ခံသည့် ခုနှစ်၊ ယင်းကောက်ခံငွေများအား ခွဲဝေသုံးစွဲ ခွင့်ပြုခဲ့သော ဌာန အသင်းအဖွဲ့၊ လူပုဂ္ဂိုလ်များ နှင့် သုံးစွဲခဲ့သည့် လုပ်ငန်းခေါင်းစဉ် နှင့် ငွေပမာဏ၊ ထိုသို့သုံးစွဲခဲ့သည့် ငွေများတွင် လုပ်ငန်းခေါင်းစဉ် အလိုက်ငွေကြေး သုံးစွဲခွင့်ပြုမိန့် ချပေးသူ နှင့် ငွေကြေးသုံးစွဲခြင်းကို စီမံခန့်ခွဲခဲ့သူများ ၊ ကျောက်မျက်ရတနာ ပြပွဲ ကျင်းရေးကော်မတီ Account ထဲတွင် လက်ရှိကျန်ရှိသော ၁ ရာခိုင်နှုန်း အခွန်ငွေ ပမာဏအား အသင်းသူအသင်းသားများ အနေဖြင့် သိရှိလိုကြောင်း သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများသို့ မေလ ၉ ရက်တွင် တိုင်စာများ ပေးပို့ခဲ့ကြောင်း သိရသည်။
၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် လိုင်စင် ရရှိခဲ့ပြီး၊ ဦးတေဇမှ ဥက္ကဋ္ဌ အဖြစ် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၂၀၁၄ ခုနှစ်မှ စတင်၍ အသင်းဥက္ကဋ္ဌ တာဝန်အား ဦးရုံးမူမှ ဆက်လက် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ယနေ့သည် ခုံရုံးဖွဲ့ စစ်ဆေးခြင်း၏ နောက်ဆုံးရက် ဖြစ်သည့်အတွက် ထွက်လာမည့် အစီရင်ခံချက် အား စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။
ဦးကျော်ကျော်ဦးက “ အဓိက သိချင်တာက ဒီငွေတွေ ဘယ်မှာသုံးလဲ၊ အသင်းမှာ ဘယ်လောက်ကျန်လဲ၊ ထင်သာမြင်သာ ရှိစေချင်တယ်။ ဒါကြောင့် အသင်းသား ၈၇ ဦးပါတဲ့ ပြုပြင်ပြောင်းလဲရေး ကော်မတီက တိုင်စာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ထွက်လာတဲ့ အစီရင်ခံချက် က ငွေကြေးစာရင်းကို ကြည့်ပြီး ဥပဒေကြောင်း အရ ဆက်လက် လုပ်ဆောင်သွားမှာပါ’’ ဟု ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.