Connect with us

Politics, Law & Military

မြန်မာ စီးပွားရေးလုပ်ငန်းများ၌ ရင်းနှီးမြုှပ်နှံမှုပိုမိုတိုးမြှင့်ရေး နိုင်ငံတော် သမ္မတ နှင့် ထိုင်း ဒုဝန်ကြီးတို့ ဆွေးနွေး

နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် H.E.Dr.Somkid Jatusripitak နှင့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံး)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ အခြေခံအဆောက်အဦများနှင့် စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပိုမိုတိုးမြှင့်ရေးများကို ယနေ့ ဖေဖော်ဝါရီ ၂ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E.Dr.Somkid Jatusripitak နှင့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ချက် အရသိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဒေသဖွံံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများထူထောင်ရေးများအတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်း ဒုတိယ ဝန်ကြီးချုပ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၊ ဒုတိယဝန်ကြီးချုပ် H.E. Dr. Somkid Jatusripitak ၏ ခရီးစဉ် အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ ၁၀း၁၅ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

ယင်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း နှင့် နှစ်နိုင်ငံဆွေးနွေးပွဲအပြီးတွင် နားလည်မှု စာချွန်လွှာ သုံးခု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.