Politics, Law & Military
မြန်မာ-တူရကီ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့်ရန် ဆွေးနွေး
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
၁၉၅၈ ခုနှစ်မှ စတင်ထူထောင်ထားသည့် မြန်မာ-တူရကီနှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ရှာဖွေသွားရန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ ၁၃-၆-၂၀၁၆ ရက်နေ့မှ ၁၄-၆-၂၀၁၆ ရက်နေ့အထိ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာလက်ကာဘူတိုဂလူ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၀၉း၃၀ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပ ခဲ့ကြောင်းသိရသည်။ (Xinhua)