Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး နောက်တစ်ကြိမ် အစည်းအဝေး ဇူလိုင်လဆန်းတွင် စတင်မည်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ညှိနှိုင်းအစည်းအဝေး အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-Hla Maung Shwe Facebook)

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ညှိနှိုင်း အစည်းအဝေး ကို ၄ ရက်တာ ညှိနှိုင်းပွဲ ပြီးဆုံးပြီး ၊ နောက်တကြိမ် အစည်းအဝေးအား ဇူလိုင်လဆန်းတွင် ပြန်လည်စတင်ရန် နှစ်ဖက်သဘောတူထားကြောင်း၊ NCA မထိုးရသေးသူများလည်း ပါဝင်လာဖို့ မျှော်လင့်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံ၌ အားလုံး ပါဝင်လာနိုင်ရန်အတွက် NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များလည်း Framework သုံးသပ် ဆွေးနွေးပွဲ (Framework review meeting) တွင် ပါဝင် ဆွေးနွေးနိုင်ရန် ထပ်မံ ဖိတ်ကြားခဲ့ကြောင်း သိရသည်။
ဦးလှမောင်ရွှေက “နောက်တစ်ကြိမ် ညှိနှိုင်းပွဲကို ဇူလိုင်လဆန်းမှာ ပြုလုပ်ဖို့ကိုလည်း နှစ်ဘက် သဘောတူညီခဲ့တယ်။ ဇူလိုင်လဆန်းမှာ NCA လက်မှတ် မရေးထိုးရသေးသူများလည်း ပါဝင်လာဖို့ နှစ်ဘက်လုံး အနေနဲ့ ကြိုးစားသွားကြရအောင်လို့ ဒေါက်တာ တင်မျိုးဝင်းက တိုက်တွန်း ပြောကြားခဲ့တယ်’’ ဟု ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.