Connect with us

Politics, Law & Military

မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှု တားဆီးကာကွယ် တိုက်ဖျက်ရေးဆွေးနွေး

တပ်မတော် ကာကွယ် ရေးဦးစီးချုပ်နှင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှု တားဆီးကာကွယ် တိုက်ဖျက်ရေးကိစ္စများကို အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Narendra Modiတို့တွေ့ဆုံ ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သောသတင်းအရသိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် ရေကြောင်းလုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှုတား ဆီးကာကွယ်ရေးကိစ္စရပ်များ၊ လေ့ကျင့် ရေးသင်တန်းဆိုင်ရာများ၊ တပ်မတော် ဆေးဘက်ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအာSouth Block သည် Naval Conference Hall ၌အိန္ဒိယတပ်မတော်မှ Air Vice Marshal S P Wagleက အိန္ဒိယ နိုင်ငံ၏လုံခြုံရေးအမြင်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှု တားဆီးကာကွယ် တိုက်ဖျက်ရေး၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ အိန္ဒိယသမုဒ္ဒရာအတွင်း ရေကြောင်း ကုန်သွယ်မှု လုံခြုံရေးကိစ္စရပ်များတွင် လည်း ပူးပေါင်းဆောင် ရွက်မှုမြှင့်တင် သွားမည်ဖြစ်ကြောင်း၊ အလားတူ ဘင်္ဂလားပင်လယ်အော် သည်လည်း မြန်မာ့ပင်လယ်ပြင် လုံခြုံရေးအတွက် အရေးကြီးပါကြောင်း၊ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.