Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေ အတည်ပြု - Xinhua News Agency
Connect with us

Politics, Law & Military

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေ အတည်ပြု

နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တင်သွင်းခဲ့ပြီး လွှတ်တော် နှစ်ရပ် သဘောထား ကွဲလွဲခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)အား ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဆန္ဒမဲခွဲပြီး အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေကြမ်း၏ မူလဥပဒေ ပုဒ်မ (၃) ပုဒ်မခွဲ (ဃ) ပါ ဗဟိုကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ် သက်ပြီး နှင့် ပတ်သက်ပြီး လွှတ်တော် နှစ်ရပ် သဘောကွဲလွဲခဲ့ရာတွင် ပြည်သူ့ လ့ွှတ်တော်၏ ပြင်ဆင်ချက်ဖြစ်သော “သင့်လျော်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်” ကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ကိုးဦးတို့က အကြံပြု ဆွေးနွေးခဲ့ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်ကလည်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအပေါ် သဘောတူကြောင်း၊ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏ စိုးကလည်း ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို သဘောတူကြောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

ပြည်ထေင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

ထို့နောက် လွှတ်တော်က စက်ခလုတ် သုံး၍ ဆန္ဒမဲခွဲ ဆုံးဖြတ်ရာ၌ ထောက်ခံမဲ ၄၄၅ မဲ၊ ကန့်ကွက်မဲ ၉၆ မဲ၊ ကြားနေမဲ လေးမဲ တို့ဖြင့် ဆုံးဖြတ် အတည် ပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.