Connect with us

Politics, Law & Military

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

စိတ်ကြွဆေး၊ လက်နက်ခဲယမ်း များနှင့် အတူ ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၃ ရက်နေ့ ၀၆း၀၀နာရီအချိန် ကယားပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့သည် လွိုင်ကော်မြို့နယ်၊ ဒေါဆန်းဘွန်းကျေးရွာနေ… ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နောက်နှစ်ဦးအား တွေ့ရှိရပြီး နံရံတွင်ချိတ်ဆွဲထားသော ဂစ်တာအဟောင်းတစ်လုံးအတွင်းနှင့် နေအိမ်အတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ ပြား၊ လေသေနတ် ၂ လက်၊ လေသေနတ်ခဲသီး ၆၀ တောင့်၊ သံကြွပ်အလုံး လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊၇.၆၂ ကျည် ၂၅ တောင့်၊ ပွိုင့် ၂၂ ကျည် ၈၄ တောင့်၊ ၅.၅၆ ကျည် ၉ တောင့်၊ ကျည်ကတ်အိတ်များပါ စစ်သုံးချပ်ဝတ်တန်ဆာ(အီကွေ့မန့်) ၁ ခု တို့အား သိမ်းဆည်းရမိသဖြင့် ၎င်းတို့ ၃ဦးအားမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.