Politics, Law & Military
ရခိုင်စစ်ပွဲများ အမြန်ဆုံး ရပ်စဲရန် လွှတ်တော်သို့ အရေးကြီးအဆိုတင်
ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ)
ဒုတိယအကြိမ် ပထမ ပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့၌ အမျိုးသား လွှတ်တော်တွင် ရခိုင်ပြည်နယ် အတွင်း တပ်မတော်နှင့် ရခိုင်တပ်မတော် (AA) တို့ကြား ဖြစ်ပေါ်နေသော စစ်ပွဲများ အမြန်ဆုံး ရပ်စဲပေးရန် အရေးကြီးအဆို တင်သွင်းခဲ့သည်။
အဆိုပါ အရေးကြီးအဆိုကို ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသားလွှတ်တော် အမတ် ဦးဝေစိန်အောင်က ယနေ့ ကျင်းပသော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် အရေးကြီးအဆို တင်သွင်း လိုက်သည်။
ယင်းအရေးကြီး အဆိုတွင် တပ်မတော် နှင့် AA တပ်မတော်တို့ အကြား စစ်ပွဲများ အမြန်ဆုံး ရပ်စဲပြးီ AA တပ်မတော်အား နိုင်ငံရေး ဆွေးနွေးပွဲသို့ဖိတ်ခေါ်ပေးရန် ဖော်ပြထားသည်။ (Xinhua)