Connect with us

Politics, Law & Military

ပြင်ဦးလွင်ခရိုင်တွင် ရက်၁၀၀ စီမံချက်ကာလအတွင်း လမ်းမကြီးဥပဒေအား သိရှိရန် အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူသွားမည်

ပြင်ဦးလွင်မြို့အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊မေ၁ရက် (ဆင်ဟွာ)

ပြင်ဦးလွင်ခရိုင်တွင် ရက်၁၀၀ စီမံချက်ကာလအတွင်း တံတားအစင်း ၄၀ ပြုပြင်ခြင်း၊ လမ်းနယ်နိမိတ်သတ်မှတ်ခြင်း နှင့် လမ်းအသံ ုးပြုသူများဆိုင်ရာ လမ်း မကြီးများဥပဒေတို့ကို ပြည်သူများသိရှိ စေရန် လမ်းတစ်လျှောက်ရှိ ရပ်ကွက်၊ ကျေး ရွာနှင့်လမ်းအသံ ုးပြုခငွေကြေးကောက်ခံ ရေးစခန်းများတွင် အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူသွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

စဉ့်ကူးမြို့ ၌ တံတားခြောက်စင်း၊ မိုးကုတ်မြို့၌တံတားရှစ်စင်း၊ ပြင်ဦးလွင် ခရိုင်အတွင်းရှိBOTလမ်းပိ ုင်း၌ တံတား၂၆ စင်း ပြုပြင်ရန်ဆောင်ရွက်နေပြီး အသိပညာ ပေးဆိုင်းဘုတ်များစိုက်ထူရာတွင် လမ်းပေါ် ကျူးကျော်နေထိုင်သူများ အန္တရာယ်ကင်း ရှင်းစေရန်၊ ကျူးကျော်နေထိုင်ခြင်းမပြုရန် နှင့်ကျူးကျော်နေထိုင် လာပါက အရေးယူ ဆောင်ရွက်သွ ားမည်ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့အား မြင်တွေ့ရစဉ် (ဆင်ဟွာ)
ထိ ုသိ ု့ လမ်းပိ ုင်းများပြုပြင်တိ ုးချဲ့ဆောက် လုပ်ရာတွင် အဆင်ပြေချောမွေ့စေရေး အတွက် မြို့နယ်အလိုက် စည်ပင်သာယာ ရေးကော်မတီမှတာဝန်ရှိသူများက မြေငှား ဂရန်များချထားပေးရာတွင် လမ်း၊ တံတား ဦးစီးဌာန၏ထောက်ခံချက်ပါရှိမှ ဂရန်ချ ထားပေးရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ တာဝန်ရှိသူတို့က လျှပ်စစ်ကြိုးများ သွယ်တန်းရန် ဓာတ်တိုင်စိုက်ထူခြင်းများ အတွက် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်ပူးပေါင်းကာ ဆောင်ရွက်စေလိုကြောင်း ပြင်ဦးလွင်ခရိုင်လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.