Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် အရေးတကြီး တွန်းအားပေးရန် လိုအပ်ဟု အမေရိကန် သံအမတ်ဆို

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မာစီရယ်လ် အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၌ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အရေးတကြီး တွန်းအားပေးရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မာစီရယ်လ် က ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ ဒေသအတွင်း ဘာသာစကား နှင့် လူ့အဖွဲ့အစည်းကြား ယုံကြည်မှုများလည်း ပြုလုပ်ရန် လိုအပ်ပြီး လူသားချင်း စာနာ ထောက်ထားမှု ပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့ အမေရိကန် စင်တာတွင် အမေရိကန် သံအမတ်ကြီးသည် ယနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ
မြန်မာ့ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အကြောင်း၊ ကျန်ရှိနေသေးသော စိန်ခေါ်မှုများ အကြောင်း၊ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံသား အားလုံးဘက်မှ ရပ်တည်သွားမည့် အကြောင်း၊ အစိုးရအသစ်၊ အရပ်ဘက် အဖွဲ့အစည်း၊ စီပွားရေး လုပ်ငန်းရှင်များ၊ ဤလှပသော နိုင်ငံတွင် ကြီးမားသော တိုးတက်မှုများ ရရှိနိုင်ရန် အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်၍ ကြိုးပမ်း အားထုတ်နေကြသူများနှင့် လက်တွဲ ဆောင်ရွက်သွားမည့် အကြောင်းတို့ကို တက်ရောက်လာကြသော ပရိသတ်များဖြစ်သည့် အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ အစိုးရ အရာရှိများအား သံအမတ်ကြီး မာစီရယ်လ် က ပြောကြားခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.