Connect with us

Politics, Law & Military

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ထပ်တိုး

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၀ ရက် (ဆင်ဟွာ)

သူရ ဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ နှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်တွင် လုပ်ငန်း လိုအပ်ချက်အရ အဖွဲ့ဝင် အသစ် ငါးဦး ထပ်ဖြည့် ခန့်အပ်လိုက်ကြောင်း ယနေ့ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ကြေညာခဲ့သည်။

“လုပ်ငန်း လိုအပ်ချက်အရ ကော်မရှင်မှာ အဖွဲ့ဝင် ငါးဦး ထပ်တိုးရပါတယ်။ အဖွဲ့ဝင်များ ကတော့ ဦးမြသိန်း၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ပြည်ထောင်စု တရား လွှတ်တော် ချုပ်ရုံး။ ဦးမြင့်နိုင်၊ ဒုတိယ ရှေ့နေချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး။ ဒေါက်တာ ဇေယျာဦး၊ ပါမောက္ခ (ငြိမ်း)၊ ဥပဒေ ပညာဌာန၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်။ ဒေါ်အေးအေးမူ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ အာဆီယံ ရေးရာဌာန ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန။ ဒေါ်သင်းခိုင်၊ ညွှန်ကြားရေးမှူး (ငြိမ်း)၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးတို့ ဖြစ်ပါတယ်” ဟု ဦးမန်းဝင်းခိုင်သန်းက လွှတ်တော်သို့ပြောခဲ့သည်။
ထိုသို့ကော်မရှင် အဖွဲ့ဝင် ငါးဦး ထပ်တိုး ဖွဲ့စည်းခြင်းကို ပြည်ထောင်စု လွှတ်တော်က သဘောတူသဖြင့် အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။
ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးများ အစတွင် ပြည်သူ့လွှတ်တော်၏ ကော်မရှင်အဖြစ် အဖွဲ့ဝင် ၁၅ ဦးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ မတ်လ ၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်၏ ကော်မရှင် အဖြစ် အဖွဲ့ဝင် ၃၅ ဦးတို့ဖြင့် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ဧပြီလ ၅ ရက်တွင် အဖွဲ့ဝင် ငါးဦးကို အစားထိုးခြင်း၊ မေလ ၅ ရက်တွင် အဖွဲ့ဝင်တစ်ဦး နှုတ်ထွက်ခြင်းတို့ကြောင့် ၃၄ ဦးသာ ရှိခဲ့ရာ ယခု အဖွဲ့ဝင် အသစ်ငါးဦး တိုးလာသဖြင့် အဖွဲ့ဝင် စုစုပေါင်း ၃၉ ဦး ရှိလာသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.