Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား စိစစ်ထုတ်ပေးရေး ဦးဆောင်အဖွဲ့ ဖွဲ့စည်း

နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်အား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (National Verification Card) စိစစ်ထုတ်ပေးခြင်းလုပ်ငန်းများအားအရှိန်အဟုန်ဖြင့် လျင်မြန်ပြီးမြောက် အောင်မြင်စွာ ထုတ်ပေးနိုင် ရေးနယ်လှည့်ကွင်းဆင်း၍ဆောင်ရွက်နိုင်ရန်“ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား စိစစ် ထုတ်ပေးရေး ဦးဆောင်အဖွဲ့” ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့ဖေဖော်ဝါရီ ၈ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား စိစစ် ထုတ်ပေးရေး ဦးဆောင်အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး အပါအဝင် စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

နယ်မြေဒေသအခြေအနေအရ အကြမ်းဖက်တိုက်ခိုက် ခံရမှု ဖြစ်ပွားပြီးနောက် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့များ စစ်ဆင်ရေးအသွင် ဆောင်ရွက်နေချိန် လက်ရှိကာလတွင် NVC စိစစ်ထုတ်ပေးရေး လုပ်ငန်းများကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ ပူးပေါင်းကာ အလေးထားဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း လည်း တွေ့ရှိရကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် အတွင်း နယ်မြေဒေသအခြေအနေအပါအဝင် အကန့်အသတ် အခက်အခဲများရှိနေခြင်း၊ မြို့နယ်လျှောက်ထားလိုသူကိုယ်တိုင် သက်ဆိုင်ရာ မြို့နယ်ရုံးများသို့ သွားရောက်ဆောင်ရွက်ရခြင်း၊ မြို့နယ်အတွင်း သွားလာရာတွင်လည်း စစ်ဆေးမှုများ ရှိနေသောကြောင့် တစ်နေရာမှတစ်နေရာသို့ သွားလာမှု နည်းပါးနေခြင်း၊ အခြားသောဖိအားပေးမှုများ ရှိနေခြင်း စသည့်အကြောင်းများကြောင့် ယာယီသက်သေခံလက်မှတ် (White Card) ပြန်လည်အပ်နှံသူ ၃၉၇,၄၉၇ ဦးအနက် ယခုနှစ် ဇန်နဝါရီ ၁၆ ရက်အထိ ၆,၂၀၂ ဦး ကိုသာနိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (National Verification Card) ထုတ်ပေးနိုင်သည့် အခြေအနေရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.